ရဲလင်း
သထုံ
အဖြေ။ ။ ရှစ်ပါးသီလစောင့်ထိန်းတဲ့အခါ ကာလပရိယန္တ - ဘယ်အချိန်အထိ
စောင့်ထိန်းပါ့မယ် ဆိုပြီး ကာလအပိုင်းအခြားနဲ့ သီလဆောက်တည် မယ်ဆိုရင်
ဆောက်တည်တဲ့အချိန်ကနေ ရည်မှန်းထားတဲ့အချိန်အထိ သီလရှိနေပြီး
ထိုထက်လွန်သွားရင် သီလပျက်ပါတော့တယ်။ ဆိုလိုတာက သီလကို နောက်တစ်ရက် ၆
နာရီအထိစောင့်ထိန်းမယ်လို့ ဆောက်တည်ထားရင် ထို ၆ နာရီအထိသာ သီလရှိပြီး ၆
နာရီထက်လွန်သွားရင် သီလပျက်ပြီး ဖြစ်တော့တယ်။ ဒါမှမဟုတ်
ကာလအပိုင်းအခြားနဲ့မဆောက်တည်ဘဲ သာမန်ဆောက်တည်ထားရင်တော့ ငါးပါးသီလ
ဆောက်တည်လိုက်တဲ့အချိန်မှာ ရှစ်ပါးသီလ ပျက်ပီးဖြစ်တော့တယ်။
သီလဆောက်တည်တာနဲ့ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ပြောချင်ပါသေးတယ်။ သီလဆောက်တည်တဲ့အခါ “ငါးပါး-ရှစ်ပါးသီလ ဆောက်တည်ပါ၏” လို့ သီလကို အတိုဆောက်တည်ထားမယ်ဆိုပါစို့၊ သီလဆောက်တည်သူဟာ သီလထဲက တစ်ပါးပါးပျက်သွားပြီဆိုရင် ငါးပါး-ရှစ်ပါး အားလုံးပျက်သွားပါတယ်။ ငါးပါး-ရှစ်ပါးသီလကို အစဉ်အတိုင်း အပြည့်အစုံဆောက်တည်ထားရင်တော့ တစ်ပါးပျက်လို့လဲ အားလုံးမပျက်ပါဘူး။

မှတ်ချက်။ ။မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။
ဓမ္မရံသီ ဘာသာရေးအမေးအဖြေများ မှတဆင့်ပြန်လည်ကူယူဖော်ပြပါသည်။
No comments:
Post a Comment